WA WA AUNG
တိုင်ပင်ဆွေး‌နွေးအကြံပေးသူ
ဆေးဘက်ဆိုင်ရာ
အီးမေးလ် wawa.aung@pcc.sg
ရရှိထားသောဘွဲ့များ BA (Psychology, Singapore), MGC (Guidance & Counselling, Australia)

ကိုယ်ရေးအကျဉ်း

Wa Wa Aung သည် Parkway ကင်ဆာစင်တာ ၏ တိုင်ပင်ဆွေးနွေးအကြံပေးသူ ဖြစ်ပါသည်။ သူမသည် ကင်ဆာဝေဒနာရှင်များအား ၎င်းတို့၏ ကုသရေးခရီးတစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးပါသည်။ သိပ္ပံနည်းကျအထောက်အထားခိုင်လုံသော နည်းလမ်းများ ဖြစ်ကြသော သိမှုဆိုင်ရာ အပြုအမူကုထုံး၊ အဖြေရှာအာရုံစိုက် အတိုချုံးကုထုံး၊ လက်ခံမှုနှင့် ကတိကဝတ်ကုထုံး၊ စိတ်အားထက်သန်မှုဆိုင်ရာ အင်တာဗျူးခြင်းနှင့် သတိပဋ္ဌာန်အခြေပြုနည်းလမ်းများအား အသုံးပြုပြီး လူနာတစ်ဦးစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် သူမ၏ ဆွေးနွေးလမ်းညွှန်မှုများကို ဆောင်ရွက်ပေးပါသည်။

Wa Wa သည် (၂၀၁၃) ခုနှစ်တွင် Republic Polytechnic မှ ဆေးဝါးသိပ္ပံဆိုင်ရာ ဒီပလိုမာဘွဲ့နှင့် (၂၀၂၀) ခုနှစ်တွင် Singapore University of Social Sciences မှ စိတ်ပညာဝိဇ္ဇာ (major) နှင့် စီးပွားရေးဆိုင်ရာ (minor) ဘွဲ့များ ရရှိခဲ့ပါသည်။ သူမသည် (၂၀၂၃) ခုနှစ်တွင် James Cook University မှ လမ်းညွှန်မှုနှင့် တိုင်ပင်ဆွေးနွေးပေးခြင်း ဘာသာရပ်များတွင် မဟာဘွဲ့ ရရှိခဲ့ပါသည်။ သူမသည် 2023 ခုနှစ်တွင် Gottman Method Couples Therapy နှင့် 2024 တွင် Acceptance and Commitment Therapy (စတင်သူများအတွက်) -  Level 1 & 2 သင်တန်းကို ပြီးမြောက်ခဲ့ပါသည်။ သူမသည် Portland Institute for Loss and Transition မှ ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်း အတွက် အဓိပ္ပာယ်ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းများကို တက်တက်ကြွကြွ လုပ်ဆောင်နေပါသည်။

Wa Wa သည် ယခင်က ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦး နှင့် ပိုးမွှားသန့်စင်ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ်ဦး အဖြစ် ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်ခဲ့ပြီး လူနာများအတွက် မှန်ကန်သောဆေးဝါးများနှင့် ပိုးမွှားသတ်ပြီးသား ဆေးဖက်ဝင် ပစ္စည်းများရရှိစေရန် ကျန်းမာရေး အလုံးစုံပြုစုစောင့်ရှောက်မှုအဖွဲ့ နှင့် ပူးပေါင်း၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Parkway ကင်ဆာစင်တာသို့မ၀င်ခင်၊ သူမသည် တက္ကသိုလ်တစ်ခု၌ တိုင်ပင်ဆွေး‌နွေးအကြံပေးသူ တစ်ဦးအဖြစ် လူငယ် လူရွယ်ထောက်ပံ့ပေးသူများကို လေ့ကျင့်ပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် မတူကွဲပြားသော ကျောင်းသားများအတွက် တစ်ဦးချင်း အကြံဉာဏ်တိုင်ပင်မှုပေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ လက်ရှိတွင် သူမသည် စင်္ကာပူ (တိုင်ပင်ဆွေး‌နွေး)အဖွဲ့အစည်း၏ ယာယီ (clinical member) တစ်ဦးဖြစ်ပါသည်။

Wa Wa သည် ကင်ဆာလူနာများနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်ပေးသူများကို ကူညီပံ့ပိုးရန် အဖွဲ့လိုက် စကားပြောဆိုမှုများကို လွယ်ကူချောမွေ့စေရန် လမ်းညွှန်ပေးပါသည်။ သူမသည် လေ့ကျင့်ရေးသင်တန်းများကျင်းပပြီး ကင်ဆာစောင့်ရှောက်မှုနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ခေါင်းစဉ်များကို ဟောပြောပေးကာ ကင်ဆာဝေဒနာရှင်များနှင့် ၎င်းတို့၏ချစ်ရသူများအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စာစောင်ထုတ်ဝေမှုများကို ပံ့ပိုးပေးပါသည်။

x