Dr See Hui Ti


အထူးပြု ဘာသာရပ် | ကင်ဆာဆိုင်ရာဆေးပညာ |
ဖက်စ် | +65 6733 8389 |
အီးမေးလ် | ht_see@pcc.sg |
ရရှိထားသောဘွဲ့များ | MB.ChB (Leicester, UK), MRCP (United Kingdom), FRCP (Edinburgh), FAMS (Medical Oncology) |
ပြောဆိုနိုင်သော ဘာသာစကား | အင်္ဂလိပ် ၊ မန်ဒရင်း |
ဆေးခန်းလိပ်စာ(များ)
Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ3 Mount Elizabeth #13-16/17
စင်္ကာပူ 228510
ကိုယ်ရေးအကျဉ်း
Dr See သည် အမျိုးသား ကင်ဆာစင်တာတွင် အဆင့်မြင့် ကင်ဆာရောဂါဆိုင်ရာ လေ့ကျင့်မှုဆင်းခြင်း ပြီးမြောက်ပြီးနောက် (၂၀၀၂)ခုနှစ်တွင် စင်္ကာပူအစိုးရ၏ HMDP fellowship ဆုကို ရရှိခဲ့ပါသည်။ (၂၀၀၃) မှ (၂၀၀၄ ) ခုနှစ်အထိ သူမသည် ဟွန်စတန် ၊ တက်စ်ဆက်ရှိ အမ်.ဒီ.အန်ဒါစန် ကင်ဆာစင်တာတွင် ဆေးပညာဆိုင်ရာ ကင်ဆာဘာသာရပ်တွင် သူမ၏ လေ့လာလေ့ကျင့်ခြင်းကို ထပ်မံလုပ်ဆောင်ခဲ့ပါသည်။
Dr See သည် ယခင်က အမျိုးသားကင်ဆာစင်တာတွင် ဆေးပညာဆိုင်ရာ ကင်ဆာဘာသာရပ်၌ ဝါရင့်အတိုင်ပင်ခံ ဖြစ်ခဲ့ရုံသာမက လူကြီးရင်သားနှင့် အမျိုးသမီးမီးယပ်ရောဂါဆိုင်ရာ ကင်ဆာများတွင် အထူးပြုထားသော KK အမျိုးသမီးနှင့် ကလေးဆေးရုံတွင် ဧည့်အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်ခဲ့ပါသည်။ Dr See သည် အထွေထွေဆေးကောင်စီ (UK ) တွင် မှတ်ပုံတင်ထားပြီး ဘရက်မင်ဟန် (UK ) ရှိ Queen Elizabeth ဆေးရုံတွင် အလုပ်လုပ်ခဲ့ပါသည်။ ၎င်းနောက် စင်္ကာပူ အထွေထွေဆေးရုံတွင် အတွင်းဆေးပညာကို ဆက်လက်လေ့လာခဲ့ပါသည်။
Dr See သည် နိုင်ငံတကာ မီးယပ််ဆိုင်ရာ ကင်ဆာအသင်းအဖွဲ့ ၊ အမေရိကန် ဆေးပညာဆိုင်ရာ ကင်ဆာဘာသာရပ်၏ အသင်းအဖွဲ့ နှင့် စင်္ကာပူဆေးပညာဆိုင်ရာ အသင်းအဖွဲ့များတွင် အသင်းဝင်တစ်ယောက်ဖြစ်ပါသည်။ Dr See သည် (၂၀၀၁ ) မှ ( ၂၀၀၇ ) အထိ စင်္ကာပူကင်ဆာဘာသာရပ်အဖွဲ့အစည်းတွင် အမှုဆောင် ကော်မတီ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။