နှာခေါင်းလည်ချောင်းကင်ဆာ
နှာခေါင်းကင်ဆာလို့လူသိများတဲ့ Nasopharyngeal Cancer(NPC) ဟာ နှာခေါင်းရဲ့အတွင်းဆုံးနဲ့ လည်ပြွန်အပေါ်နားလေးမှာအဖြစ်များပါတယ်။ ထူးခြားသော အရာများကြောင့် နှာခေါင်းကင်ဆာကို အခြားသော ဦးခေါင်းနှင့် လည်ပင်းကင်ဆာများမှ သီးသန့်ဆွေးနွေးကြပါသည်။
(၂၀၁၁ ) ခုနှစ်မှ (၂၀၁၅) ခုနှစ်အတွင်း စကႅာပူရှိ အမျိုးသားများတွင် အဖြစ်များဆုံးကင်ဆာ နံပါတ်(၉) နေရာတွင် နှင့် အမျိုးသမီးများတွင် နံပါတ်(၁၃) နေရာတွင် ရှိခဲ့ပါသည်။ အမျိုးသားများတွင် ကင်ဆာကြောင့် သေဆုံးနှုန်းသည် (၄ ) ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများတွင် (၁.၅ ) ရာခိုင်းနှုန်းရှိခဲ့ပါသည်။ သိသာစွာပင် အမျိုးသားကော အမျိုးသမီးတွင်ပါ ဒီနှစ်ပိုင်းတွေမှာ နှာခေါင်းကင်ဆာကြောင့် သေဆုံးနှုန်း လျှော့ကျလာပါသည်။ စကာႅပူတွင် ရှိသော အဓိကလူမျိုး(၃) မျိုးတွင် နှာခေါင်းကင်ဆာသည် တရုတ်လူမျိုးများတွင် အဖြစ်များဆုံးဖြစ်ပြီး ၎င်းနောက်တွင် မလေးလူမျိုး အဖြစ်များပြီး အိန္ဒိယလူမျိုးများတွင် အဖြစ်နည်းပါသည်။
နှာခေါင်းကင်ဆာဖြစ်နိုင်ချေ အများဆုံးမှာ ဟောင်ကောင်နှင့် တောင်ပိုင်းတရုတ်ဒေသများမှ တရုတ်များဖြစ်ပါသည်။အခြားဒေသများမှ တရုတ်များနှင့် အခြားဖြစ်နိုင်ချေနည်းသော ဒေသများမှ ပြောင်းရွှေ့လာသော တရုတ်များသည်လည်း နှာခေါင်းကင်ဆာ ဖြစ်နိုင်ချေများပါသည်။ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ လူများသည် ဖြစ်နိုင်ချေ အလယ်အလတ်ရှိပြီး စကႅာပူတွင် အမျိုးသမီးများထက် အမျိုးသားများတွင် နှာခေါင်းကင်ဆာဖြစ်နိုင်ချေ သုံးဆဖြစ်ပါသည်။
နှာခေါင်းကင်ဆာကိုဖြစ်စေတတ်တဲ့အရာကို အတိအကျမသိသော်လည်း Epstein Barr Virus(EBV) လို့ခေါ်တဲ့ viral infection ပိုးကြောင့်ဖြစ်နိုင်ချေရှိကြောင်း လေ့လာစမ်းသက်ချက်များအရ သိရပါတယ်။ နှာခေါင်းကင်ဆာနှင့် ဆက်စပ်နေသော အခြားဖြစ်နိုင်ချေတွေကတော့ အသက်စောစောတွင် ငါးဆားနယ်များ အလွန်အကျွံစားခြင်း၊ ကြာရှည်ခံအစားအစာများနှင့် အချဥ်စိမ်ထားသော အစားအစာများ အလွန်အကျွံစားခြင်း ၊ နှင့် ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါတယ်။ မိသားစုဝင် ထဲမှာ နှာခေါင်းကင်ဆာဖြစ်ဖူးတဲ့သူရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။
နှာခေါင်းကင်ဆာအတွက် သတင်းကောင်းမှာ စကႅာပူတွင် ဖြစ်နှုန်းကျလာခြင်းဖြစ်ပါသည်။ ၎င်းသည် လူငယ်လူရွယ်များတွင် စားစရာ ရွေးချယ်စရာ များလာသောကြောင့် ရေရှည်ခံ အစားအသောက် များ ၊ ငါးဆားနယ်များနှင့် အချဥ်စိမ် အသီးအရွက်များ စားခြင်း ပိုနည်းလာသောကြောင့် ဖြစ်ပါသည်။
နှာခေါင်းကင်ဆာရဲ့လက္ခဏာတွေကဘာတွေလဲ?
- နှာခေါင်းသွေးယိုခြင်း၊ နှာပိတ်ခြင်း။
- သလိပ်တွင်သွေးပါခြင်း။
- နားအူခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားပိတ်ခြင်း။
- ခေါင်းကိုက်ခြင်း။
- လည်ပင်းတွင်အလုံးအကြိတ်များစမ်းမိခြင်း။
- မျက်ခွံကျခြင်း၊ ပုံရိပ် နှစ်ထပ်မြင်ခြင်း၊ မျက်နှာပေါ်တွင် ထုံကျင်မှုများခံစားရခြင်း။
- သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းလွယ်ခြင်း၊ အရိုးများနာကျင်ခြင်း တို့ဖြစ်ပါတယ်။
နှာခေါင်းကင်ဆာလို့ သံသယရှိပြီဆိုလျှင် ဆရာဝန်နှင့် အမြန်ဆုံးသွားရောက်ဆွေးနွေး၍ Nasoscope လို့ခေါ်တဲ့ နှာခေါင်းအတွင်းကြည့်မှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရှုသင့်ပါသည်။ ပုံမှန်မဟုတ်သောအလုံးအကျိတ်တွေ့လျှင် အသားစယူပြီးစမ်းသပ်စစ်ဆေးနိုင်ပါသည်။ ကြီးနေသော ပြန်ရည်ကျိတ်ရှိလျှင် အပ်ဖြင့် အသားစယူခြင်း လုပ်ကောင်းလုပ်နိုင်ပေသည်။
နှာခေါင်းကင်ဆာ၏ အဆင့် ပေါ် မူတည်၍ ရောဂါတိုးတက်မှုနှင့် ကုသမှုနည်းလမ်းများ ရှိပါသည်။
အောက်ဖော်ပြချက်များသည် အဆင့်နောက်ကျနေသော ကင်ဆာများနှင့် ဆက်စပ်နေသောကြောင့် ကုသပြီးနောက် နောက်တဖန်ပြန်လည်ဖြစ်နိုင်ချေ များပါသည်။
- ကင်ဆာဆဲလ်တွေဟာဦးခေါင်းခွံထိပျံနှံ့သွားလျှင် အဆင့်(၃)
- အာရုံခံ nerves များထိကင်ဆာဆဲလ်များပျံ့နှံသွားပြီး မျက်ခွံကျဆင်းလာခြင်း၊ ပုံရိပ် နှစ်ထပ်မြင်ခြင်း၊ အစရှိသောလက္ခဏာများရှိနေလျှင် အဆင့် (၄ / က)
- လည်ပင်းတွင် ၆ စင်တီမီတာခန့်ရှိသောအလုံးအကြိတ်များစမ်းမိလျှင် အဆင့် (၄/ခ) ၊ လည်ပင်းနှစ်ဖက်လုံး ပါဝင်နေပြီး ( အဆင့် ၃ ) ၊ ( သို့ ) ကော်လံအရိုးအထက် လည်ပင်းအောက်ခြေတွင် ပြန်ရည်ကျိတ်များတွင် ကင်ဆာရောက်နေခြင်း ( အဆင့် ၄ ဘီ)
အရိုး၊ အဆုတ်၊ အသည်း သို့ ကင်ဆာဆဲလ်များပျံ့နှံ့သွားလျှင် အဆင့် (၄/ဂ) ဖြစ်ပြီး ကုသမှုနည်းလမ်းသည် ရောဂါဝေဒနာသက်သာရန်သာ ဖြစ်ပါသည်။
မပျံ့နှံ့သေးသော နှာခေါင်းကင်ဆာ ( အဆင့် တစ် မှ ၄/ခ အထိ ) လူနာများအတွက် အဓိကကုသမှုနည်းလမ်းမှာ ဓာတ်ရောင်ခြည်ပြကုသနည်း ဖြစ်ပါသည်။
ဓာတ်ရောင်ခြည်ပြကုသနည်းသည် ကင်ဆာဆဲလ်များကို သတ်ရန် စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြုပါသည်။ ကုသသောနေရာကိုသာလျှင် အကျိုးသက်ရောက်စေပါသည်။ နှာခေါင်းကင်ဆာတွင် ကုသသောနေရာများဆိုသည်မှာ နှာခေါင်းအနောက်ပိုင်း သာမက လည်ပင်းနှစ်ဖက်လုံး ပါဝင်ပါသည်။ ပုံရိပ်မြင်ဓာတ်ရောင်ခြည်ပြကုသနည်းကဲ့သို့ နောက်ဆုံးပေါ် ဓာတ်ရောင်ခြည်ပြကုသနည်းသစ်များသည် ရည်ရွယ်ထားသောနေရာကို ပိုမိုတိကျစွာ ၊ ဘေးထွက်ဆိုးကျိုးပိုမိုနည်းစွာ ( ခံတွင်းခြောက်သွေ့မှုနည်းစေခြင်း အပါအဝင် ) ဖြင့် ကင်ဆာကျိတ်ကိုလည်း ပိုမို ထိန်းချုပ်နိုင်စေပါသည်။
စောစီးသော နှာခေါင်းကင်ဆာအတွက် ရွေးချယ်ထားသောကုသနည်းသည် ဓာတ်ရောင်ခြည်ပြကုသနည်း တစ်ခုတည်းသာလျှင် ဖြစ်ပါသည်။
ကင်ဆာအဆင့် နောက်ကျနေသော ( ဦးခေါင်းခွံအောက်ခြေသို့ ထိုးထွင်းဝင်ရောက်ခြင်း ( သို့ ) အာရုံကြောအားနည်းခြင်း ) နှင့် ( သို့ ) မြင့်သောနေရာတွင် ရှိသော ပြန်ရည်ကျိတ်သို့ ရောက်နေခြင်း ( ကြီးမားသော အကျိတ်များ ၊ လည်ပင်နှစ်ဖက်လုံးရှိ အကျိတ်များ ( သို့ ) လည်ပင်းအောက်ခြေသို့ ထိုးဝင်နေသော အကျိတ်များ ) လူနာများသည် ကုသမှုရလဒ်ပိုမိုတိုးတက်ရန် ကင်ဆာဆေးသွင်းခြင်းကို ဓာတ်ရောင်ခြည်ပြကုသခြင်းနှင့် အတူ ရယူရပါမည်။
နှာခေါင်းကင်ဆာတွင် ခွဲစိတ်ကုသခြင်း၏ အရေးပါမှုသည် ကန့်သတ်ချက်များ ရှိနေပါသည်။ ခွဲစိတ်ကုသခြင်းကို ပြန်လည်ဖြစ်သော နှာခေါင်းအနောက်ဘက်တွင်သာ ဖြစ်သော အခြားနေရာသို့ မရောက်သေးသော အကျိတ်များတွင် စဥ်းစားပါသည်။ ဓာတ်ရောင်ခြည်ပေးပြီးနောက် လည်ပင်းအကျိတ်များ ဆက်လက်ရှိနေသော လူနာများ ( သို့ ) လည်ပင်းအကျိတ်တွင်သာ ကင်ဆာပြန်လည်ဖြစ်သော လူနာများတွင်သာ လည်ပင်းတလျှောက်အကျိတ်များထုတ်သော ခွဲစိတ်ခြင်းကို စဥ်းစားပါသည်။
ကင်ဆာဆေးသွင်းကုသခြင်းကို ကင်ဆာပျံ့နှံ့နေသော လူနာများ နှင့် ဓာတ်ရောင်ခြည်ပေးပြီးနောက်တွင် ရောဂါပြန်လည်ဖြစ်နေသာ လူနာများတွင် အဓိကပေးသော ကုသနည်းဖြစ်ပါသည်။
CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။
CanHOPE အနေနဲ့
- ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
- ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
- ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
- ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
- ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
- ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
- ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။
CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။